အဖြေလေးက ရှင်းနေပြီ
28-Nov-2017ဆေးခန်းသို့ အမျိုးသမီးတစ်ဦးရောက်လာပြီး ဆရာဝန်အား -
“ အခုတလော ကျွန်မယောကျ်ား ဒေါသကြီးတဲ့ရောဂါရနေလား မသိဘူး။ ဆရာပြန်ရင် တစ်ဆိတ်လောက် အိမ်ကိုဝင်ကြည့်ပေးပါလား ”
“ ကျွန်တော်သိသလောက် ခင်ဗျားယောကျ်ားက လူအေးပါ။ ဒါနဲ့ ဘယ်နေ့လောက်က စဖြစ်တာလဲ ”
“ ကျွန်မအမေ သူ့ယောက္ခမကြီး အိမ်ကို ရောက်လာတဲ့နေ့က စတာပါပဲ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်